29 July 2012

**မှတ်ထားပေါ့...ညီမလေးရေ**

တနင်္ဂနွေနေ....ဒီနေ့..ကျောင်းပိတ်တယ်နားအုန်းမှပဲ.. စိတ်ထဲတွေးပြီး

"မေမေရေ..သမီးဒီနေ့ဈေးသွားပေးမယ်..ခဏနော် ဒီအ၀တ်လေးလက်စသတ်ပြီးသွားမယ်"

"အင်းသမီးရေ.... မေမေလည်း... ဘုရားပန်းလဲဖို့ပန်းလိုနေတာနဲ့...သမီးဘုရားပန်းပါဝယ်ခဲ့နော်"

"ဟုတ်ကဲ့..မေမေ"

ကျွန်မဈေးသွား..ထမင်းချက် .ဘုရားပန်းလဲ ..ပြီးလို့နေ့လည် ..ထမင်းစားပြီး လို့ တီဗီကြည့်နေချိန်မှပဲ...

"မမဖြူရေ"

အိမ်ရှေ့ကခေါ်သံကြားလို့ထွက်အကြည့် ဖြူသူငယ်ချင်းညီမလေး ပါလား ဘာကိစ္စပါလိမ့် စိတ်ထဲတွေးရင်း

"အော်..ညီမလေးရေ..လာလာ ..ထူးထူးဆန်းဆန်းပါလား "

"ဟုတ်တယ်မမဖြူရေ... ကိစ္စရှိမှလာဖြစ်တယ်...မမငယ်ကလည်းမမဆီလွတ်လိုက်လို့."

"ငယ်ကတော့လေ... လုပ်ချလိုက်ပြန် ပြီ ..ညီမလေးခဏနော် မမတခုခုသွားလုပ်လိုက်ဦးမယ်"

"မေမေရေ..ဒါကငယ့်ညီမလေ"

"အေးကွယ်..ထိုင်အုန်းနော် ..အန်တီတော့ ဟိုဘက်လူမမာသွားမေးလိုက်အုန်းမယ် "

"ကဲ..ပြောစေ..လက်ဖက်လည်းစား ..."

"ဒီလိုမမရေ ..မမဖြူက စာရေးတော့အတွေ့အကြုံရှိတယ်..မမဆီဒါကြောင့်အကူအညီလာတောင်းတာ.

.မမငယ်ကလည်း မမဖြူဆီသွားလွတ်လိုက်တယ်လေ"

"အော်..ဒီလိုကိုး ဟုသာ ကျွန်မရေရွတ်လိုက်မိတယ်

ငယ်လေးဆိုတာ ကျွန်မငယ်သူငယ်ချင်း (၁၀တန်း)အတူတူအောင်ခဲ့တာ

..သူကဆယ်တန်းလည်း..အောင်ပြီးတော့..အလုပ်လုပ်နေတုန်းအလုပ်က

ကားဒရိုင်ဘာနောက်ခိုးရာလိုက်သွားခဲ့တယ်သူငယ်ချင်းအကြောင်းတွေးလိုက်မိရင်း ..အတွေးရပ်လိုက်ပြီး

"ကဲညီမလေး ..ပြော..ဘာကိစ္စပါလိမ့်"

"ဒီလိုမမရေ...သမီးမှာချစ်သူရှိတယ်..သူကအဆိုတော်ရူး..ရူးနေတာလေ..အလုပ်ကမယ်မယ်ရရမရှိဘူး..

သူကိုအလုပ်လုပ်ဖို့ပြောရင်း...စကားများတာခဏခဏပါပဲ...သူကိုအိမ်ကလည်းသဘောမတူဘူးလေ

ကိုယ်ပိုင်အလုပ်တခုမရှိလို့...အဆက်ဖြတ်ဖို့ပြောတယ်အိမ်က လေ..သမီးကသူကိုသိပ်ချစ်တယ်မမရေ...

သမီးဘာလုပ်သင့်လည်း ..သူကိုလည်း ကြိုးစားစေချင်တယ်..သူကအဲဒီအဆိုတော်အလုပ်ကိုပဲလုပ်နေတယ်

မိဘဆီကလက်ဖြန့်တောင်းပြီး..သမီးက လေအလုပ်ကိုတဖက်ကလုပ်ရင်း..အဆိုတော်အလုပ်ကိုလည်း..လုပ်

စေချင်တာလေ..သူကအင်းမလုပ်အဲမလုပ်မမရေ...ခုအိမ်က သမီးကိုအိမ်ထောင်ပြုတခြားတယောက်နဲ့ ပေးစား

ဖို့လုပ်နေပြီးမမရေ...သမီးဘယ်လိုလုပ်သင့်လည်း "

"မိဘတိုင်းကတော့သားသမီးတိုင်းကိုဆင်စီးပြီးမြင်းရံနေစေချင်တာသဘာဝလေ..သားသမီးဒုက္ခရောက်ရင်

ပူတာကမိဘတွေပဲ..ညီမလေး ကချစ်သူကိုချစ်ရင်သေချာပြောပြလေ..ညီမလေးဖြစ်စေချင်တာကို....

သူအဆိုတော်ဖြစ်ချင်တာတော့မှန်ပါတယ်...ညီမလေးရေ..ဒါကတော့ ရည်မှန်းချက်တခုပေါ့...ဒါပေမယ့်လက်ရှိ

ဝမ်းစားရေးအတါက်ရုန်းကန်ရမယ်...နှစ်ယောက်တဘတည်ထောင်ဖို့ဆိုရင်...အိမ်ထောင်ဦးစီးဖြစ်တဲ့လူက..

အလုပ်ကိုလုပ်ရမယ်လေ...ညီမလေးက..ညီမလေးချစ်သူ..ယူရမယ့် လူကိုပြောကြည့်လေ...ကိုယ်က

ချစ်တယ် ..ယူမယ် ဆိုရင်သူကိုနားလည်အောင်ရှင်းပြ...မိသားစုတစု ဖြစ်လာပြီဆို..သူကအိမ်ထောင်ဦးစီး...

ကိုယ်ကပြုပြင်ထိန်းသိမ်းရမယ်လေ"

"ဟုတ်မဖြူ သမီး သူကိုနားလည်အောင်ပြောပြပါမယ်..မဖြူပြောတာသမီးနားလည်ပါပြီ"

အချိန်တော့ယူပေါ့ညီမလေးရေ..ငယ်သေးတာပဲ..ဘာကိုမှအလျင်စလိုမလုပ်လိုက်နဲ့..

"အိမ်ထောင်မူ..ဘုရားတည်..ဆေးမင်ရည်စုပ်ထိုး

.....ဤသုံးမျိုးချက်မပိုင်..နောင်ပြင်ရန်ခက်တဲ့အမျိုး"

စကားပုံလည်းညီမကြားဖူးမှာပေါ့..ယောကျာ်းလေးဆိုတာလှေကားသုံးထစ်ဆင်း ..လူပျိုပြန်ဖြစ်နိုင်ပေမယ့်..

မမတို့မြန်မာမိန်းကလေးတွေအတွက်....ဘယ်လိုမှပြန်မဖြစ်နိုင်ဘူး...ဘယ်လိုမှပြန်ပြင်လို့မရတဲ့အမည်းစက်ပဲ

ညီမလေးရေ...ကိုယ်ချစ်သူကို ယုံပြီးတော့ချစ်သူဘ၀မှာပုံမအပ်လိုက်ပါနဲ့ညီမလေးရေ....

ဘယ်သူမဆိုကိုယ်ချစ်တဲ့သူနဲ့ ယူချင်ကြတာပါပဲ...ကိုယ်ချစ်သူနဲ့..မိသားစုဘ၀ကို...ကိုင်းကျွန်းမှီ..ကျွန်းကိုင်းမှီ..

မယ်တထမ်း..မောင်တရွတ် တည်ထောင် နိုင်ရင် အကောင်းဆုံးပေါ့ဒါမှလည်း...လင်မယားကွဲမူတွေ

.ဖြစ်မလာနိုင်တော့ဘူး..တခုလတ်ဆိုတဲ့ဂုဏ်ပုဒ်လည်းဖြစ်မလာနိုင်တောဘူး...

မွေးဖွားလာမယ့် ရင်သွေးငယ်လေးတွေ..ဘ၀လည်း မိတစ်ကွဲ..ဖတစ်ကွဲမဖြစ်တြော့ဘူးညီမလေးရေ

နှစ်ယောက်ဘ၀တခုတည်ထောင်မယ်ဆို...သေချာစဉ်းစားပါညီမလေးရေ...

ရှေးလူကြီးတွေပြောတဲ့..စကားပုံလေးကိုမမေ့နဲ့ စကားပုံဆိုတာ...ရှေးလူကြီးတွေ..မဖြစ်သင့်တာ

မဖြစ်အောင် ထားခဲ့ကြတာ

မှတ်ထားပေါ့ ညီမလေးရေ

"အိမ်ထောင်မူ..ဘုရားတည်..ဆေးမင်ရည်စုပ်ထိုး

.....ဤသုံးမျိုးချက်မပိုင်..နောင်ပြင်ရန်ခက်တဲ့အမျိုး"

ငယ်ညီမလေးတယောက်တော့ ဘယ်လိုဆုံးဖြတ်မလည်းတော့မသိ နားထောင်ပြီး

ဟုတ်ကဲ့ ဆိုပြီးပြန်သွားခဲ့တယ်

ဖြူစိတ်ထဲဆုတောင်းလိုက်မိတယ်

ပန်းလေးလို့တင်စားတဲ့ညီမလေးရေ ပန်းလေးဘ၀တို့မညိုးနွမ်းရအောင်

သဇင် လိုတော်ဝင်ပြီး

နှင်းဆီးပန်းလိုကာကွယ်ပါ

စံပယ်လိုဖြူစင်စိတ်ထားပါ

ခရေပန်းလိုဘ၀လောကဓံကြံ့ကြံ့ခံနိုင်ပြီး

ပန်းအလှပွင့်လန်းနိုင်ပါစေ ။


မရှင်းရဲ့ဝတ္ထုတိုလေးပါ

ကောင်းနိုးရာရာလေးများမို့မျှဝေပေးလိုက်ပါတယ်နော်




No comments:

Post a Comment

သင့်ရဲ့အားပေးစကားတခွန်းကစာရေးရသူအတွက်အားဆေးတခွက်ပါ