26 July 2012

**ချစ်သူငယ်ချင်းများသို့**

သူငယ်ချင်းဆိုတာ

ဒီဘ၀ရဲ့.....ခုချိန်လေးမှာ........

ခင်တွယ်စရာ.....သံယောဇဉ်လေးတွေ

ပေါင်းစုကာထား..........

သူငယ်ချင်းဆိုတာ....

ဝမ်းနည်းစရာဆိုရင်နှစ်သိမ့်

ပျော်စရာဆိုရင်မျှဝေခံစား

အားငယ်စရာဆိုရင်အားပေးကာထား

စိတ်ညစ်နေရင်ဖြေသိမ့်ကာပေး..........

ဒီလိုအရည်အချင်းလေးတွေပိုင်ဆိုင်တဲ့သူ................

ကျောင်းတွေပြီးလို့အလုပ်ခွင်ဝင်ကြတဲ့ချိန်.....

သူငယ်ချင်းဆိုတာတဖြည်းဖြည်းမှေးမှိန်စပြုခဲ့ပြီပေါ့

စကားလေးတွေထဲမှာတောင်

ဟိုးတုန်းကလေ.........အရင်တုန်းကဆိုတဲ့

အခေါ်အဝေါ်လေးတွေ.........

လွမ်းလိုက်တာငယ်ချင်းတွေရေ........

ဘယ်ဆီတွေများရောက်လို့နေလဲ.......

မြတ်လေးနွယ်

3:37PM

No comments:

Post a Comment

သင့်ရဲ့အားပေးစကားတခွန်းကစာရေးရသူအတွက်အားဆေးတခွက်ပါ