29 July 2012

!!စိန်တုံးအိမ်မက်နှင့်ကျနော်၏အလွဲများ( ၂ )!!

လူတွေများ...ပြောပါတယ်......နဲနဲလေးမှကို အမှားမခံဘူး...... သေခြာမကြည့်ပဲ......ဂွပြဲပီးဘောင်းဘီဟသွားတာနဲ့ ဟယ်....ဆိုပီး

ပါးစပ်အဟောင်းသားတွေ.... ဘာရှက်စရာမှတ်လို့ အောက်မှာအားကစားဘောင်းဘီ ဝတ်လာတာ ကိုသူတို့မှမသိတာ

ရုတ်တရက်ဆိုတော့ကျနော်လည်းရှက်သွားတာပေါ့....နောက်မှသတိရပီး ” ဘာဟယ်လည်း.. အောက်မှာ ဘောင်းဘီပါပီးသား ဟွန်း...”

ရုပ်တည်နဲ့ပြန်ဖျဲလိုက်တာပေါ့..ဘယ်ရမလည်း..... အဲ့လိုနဲ့ ကားပေါ်ကဆင်းပီး အလုပ်ကိုလမ်းလျှောက်လာရင်း ကားပေါ်က

အဖြစ်ပျက်လေးတခုကိုသတိရမိတယ်......တနေ့ကျနော် အလုပ်ပိတ်ရက် နေ့ခင်းဘက်မြို့ထဲကအိမ်အပြန် ဘက်စ်ကားပေါ်မှာ နေ့ခင်း

ဖက်ဆိုတော့လူနည်းနည်းချောင်တာပေါ့ ကျနော်ကအလည်၂ယောက်တွဲထိုင်ခုံ ခရီးသည်တွေမတ်တပ်ရပ်တဲ့ဖက်မှာ ကျနော့်ဘေးမှာ

ကအဒေါ်ကြီးတယောက် ဟိုဖက်အခြမ်းကျနော့်လိုနေရာမှာက အသက်၂၅၊၂၆ ပတ်ဝန်းကျင်အမျိုးသမီးတယောက် ခပ်ချောချော သူ့ဘေး

မှာကအဒေါ်ကြီးတယောက် အဲ့လိုနဲ့စီးလာကြရင်းမှတ်တိုင်တခုရောက်တော့ အသက်၅၀ဝန်းကျင် ဦးလေးကြီးတယောက် တက်လာပါရော

ထိုင်ခုံမ၇တော့ ခပ်ချောချောအမျိုးသမီးဖက်မှာ မက်တပ်ရပ်တာပေါ့ ကျနော်တိုကဆင်ဖြေဖုံးရပ်ကွက်ဘက်စ်ကာတွေဆိုတာကလည်း

ရှေ့မှတ်တိုင်ရပ်ဖို့ကိုဒီဖက်မှတ်တိုင်လောက်ကနေကြိုပီးဘရိပ်ကိုတော့တော့ထားရတာသူ့ဟာနဲကသူကတော့ကွက်တိပဲ

မှတ်တိုင်ရောက်ရင်တုံ့ ကနဲပဲ .... သူ့တိုင်ပင်နဲ့ သူ စီးလာကြရင်း ...ခပ်ချောချော အမျိုးသမီး ဆင်းမဲ့မှတ်တိုင်လည်းရောက်ရော

ဟိုအမျိုးသမီးလည်းထိုင်ခုံကအထ မှတ်တိုင်ထဲဝင်လို့ကားဘရိပ်ကလည်းအမိ ဟန်ချက်ပျက်ပီး မက်တပ်ရပ်နေတဲ့ဦးလေးကြီး

ခါးပုံစကိုလှမ်းဆွဲမိသွားတာပေါ့ ဘာပြောကောင်းမလည်း ဦးလေးကြီးပုဆိုးလည်းအောက်ကိုအပုံလိုက် ကျွတ်ကျသွားရော...အောက်မှာ

လည်း ဘာ အကာကွယ်မှမရှိ ... ခါးပုံစလှမ်းဆွဲတဲ့အမျိုးသမီးလည်း ”ဟယ်”....ကနဲပဲ.....သူ့ဘေးကအေဒ်ါကြီးလည်း”ဟယ်”ကနဲပဲ.......

ဦးလေးကြီးလည်း ရှက်ရှက်နဲ့ပုဆိုး ကုန်းအကောက်...နောက်ကထိုင်နေတဲ့ ကျနော်နဲ့ ကျနော့်ဘေးက အဒေါ်ကြီးလည်း ”ဟယ်”....ကနဲပဲ..

ဦးလေးကြီးလည်း ပုဆိုးကောက်ပီး သေခြာပြန်ဝတ်လိုက်တယ် ပီးတော့ရှက်ရှက်နဲ့”တော်သေးတာပေါ့....ဘောင်းဘီပါလို့” တခွန်းပဲ

ပြောပီး ပုဆိုးဆွဲချွတ်တဲ့အမျိုးသမီး မဆင်းခင် သူအရင်ရှေ့ကဆင်းသွားပါလေရော.............အဲ့ဒီ အဖြစ်ကို ”ဟယ်” လိုက်

ပီးကတည်းက ကျနော်လည်းအားကစားဘောင်းဘီကို ဘယ်သွားသွား အောက်ကခံဝတ်တော့တာပဲ......ခိခိခိ ..ဘောင်းဘီဝတ်တာတောင်

ရာဇဝင်ရှိတယ် ...အဲ့လိုနဲ့အလုပ်ထဲရောက်တော့လက်ကျန်စာရင်းတွေစစ်၊ မနေ့ကဝင်တဲ့ပစ္စည်းသစ်လေးတွေစာရင်းမှတ်နဲ့

နေ့ခင်းဖက်ကျမှ မင်္ဂလာဈေးလေပေးတန်းသွားပီး ခပ်လက်လက် ဘောင်းဘီတထည် သွားဝယ်ရတာပေါ့....စိန်တုံးပြသနာကိုတော့

ခဏမေ့ထားလိုက်တယ် ....ဈေးထဲရောက်တော့ ကိုလိုချင်တာလိုက်ရွေးတာပေါ့ ဖြစ်ချင်တော့ ဆိုင်တဆိုင် အရောက်မှာ ဂျင်းဘောင်း

ဘီလေး တော်တော်လည်းလှတယ်တော်တော်လည်းလတ်တယ်...ဘောင်းဘီမှာအလှဆုံးက ဘောင်းဘီ ချိပ်နေရာက စိန်တုံးလေးပဲ...“

အဲ့ဒါကိုမြင်လိုက်တာမှာတင် လူကစိန်တုံးဆီအတွေးပြန်ရောက်ပီးဈေးတောင်မစစ်တော့ဘူး ဘောင်းဘီကိုလည်းသေခြာစစ်မနေတော့ဘူး

အရောင်အသွေးကလည်းကောင်း..စိန်တုံးကလည်းပါ....ဘေထုပ်ပေမဲ့ အမှန်များဖြစ်လေမလားဆိုတဲ့ အတွေးနဲ့ တခါတည်းမလာလိုက်

တော့တယ်........အလုပ်ပြန်ရောက်တော့ဘောင်းဘီလေးကို သေခြာအထုပ်တောင်မဖြည်ပဲ အလုပ်လုပ်တဲ့စာပွဲဘေးချထား

လိုက်တယ် ညနေပြန်မှ ထုတ်ဝတ်မယ်ပေါ့ အဲ့လိုနဲ့ ညနေအလုပ်သိမ်း ရေမိုးချိုး ပီးပြန်ခါနီး ဘောင်းဘီထုတ်ဝတ်မှပဲပြသနာတတ်တော့

တာပဲ...အရောင်လေးကလည်းလှ.....အသားလေးကလည်းကောင်း....စိတ်တုံးလေးကလည်းပါ...လောဘဇောတက်ပီးဝယ်လာတာ

ဝတ်လိုက်တော့မှ ဟိုတုန်းက ဦးကျာ်ဟိန်းတို့ဝတ်သလို အပေါ်ရှုးပီးအောက်ပွတဲ့ ခေါင်းလောင်းဘောင်းဘီ ဖြစ်နေပါရော...........

ခေါင်းလောင်းက တော်ရုံဆိုရင်မပြောလိုပါဘူး.....အခုဟာက မင်းကွန်းခေါင်းလောင်းများလားမှတ်ရတယ်...တော်တော်ကိုပွတာ

မသိရင်ရှမ်းသိုင်းကစားမဲ့ကောင်ကြနေတာပဲ..........ဂွပြဲတဲ့ဘာင်းဘီလေးကိုပြန်ဝတ်ဖို့ကလည်း မဖြစ်နိုင်..အဲ့ဒိတော့.....

”ရှမ်းသိုင်းဆိုလည်း...ရှမ်းသိုင်းပေါ့ကွာ...ဘာတတ်နိုင်မှာလည်း” ကိုယ့်ကိုယ်ပဲအားပေးပီး အိမ်ပြန်ဖို့ကားမှတ်တိုင် ထွက်...

မှတ်တိုင်ရောက်တော့ ယုဇနပလာဇာက...မိန်းကလေးတွေကတပြုံကြီး ကားစောင့်နေကြတာ ကိုယ်ဝတ်လာတဲ့ဘောင်းဘီကလည်း

အဆင်ကခပ်လှလှဆိုတော့ ပြုံးစိ ပြုံးစိနဲ့ဝိုင်းကြည့်ကြတာပေါ့ မတတ်နိုင်ဘူးလေ...ကိုယ့်အပြစ်နဲ့ကိုယ်ပဲ ခံဦးပေါ့ ငမှော်ရယ်..

မှတ်တိုင်ရောက်ပီးသိပ်မကြာပါဘူးကံကောင်းတယ်ပဲပြောရမလားမသိဘူး ကျနော်တို့ရဲ့ ဖုံးဒိုင်း ..ဖုံးဒိုင်း.. ယိမ်းသမကားလေးရောက်

လာပါလေရော.....”.နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲ ”....ဘောင်းဘီသစ်ကားတားကားတာနဲ့ နေရာရဖို့ ကားပေါ်ပြေးအတက်

စပယာကိုတော်က ”ဟေ့..ဘောင်းဘီစကပ်နဲ့လူ...မိန်းကလေးတွေအရင်တပ်ပါစေဦးဗျ...”တဲ့......လူကိုတော်တော်

လွတ်(စ်) ဖြစ်သွားတယ် ”ငါ့ဟာငါ ဘောင်းဘီစကပ်မကလို့...ထမီစကပ်ပဲဝတ်ဝတ် နင့်အပူလားဟဲ တေနာရဲ့ ” လို့..

ရန်တွေ့ပီး ကားပေါ်ဇွတ် တိုးတက်ပလိုက်တယ်..............နောက်ကကျန်ခဲ့တဲ့မမချောတွေကဘာပြောတယ်မှတ်လည်း

”ဟယ်.....ထင်တောင်မထင်ရဘူးနော်တဲ့”...အေးရော.....သူတို့ကိုလည်းပြန်ရန်တွေ့နေရင် ပြသနာကပီးတော့မှာမဟုတ်ဘူး

အေးဆေးပဲကိုယ့်နေရာကိုယ်ရပ်နေလိုက်တော့တယ်....တော်တော်အမှတ်သေညာကောင်းတဲ့စပယာ စီအိုင်ဒီထွက်လားမသိဘူး

ကားခတောင်းတော့လူကိုလည်းတွေ့ရော...”ဟိုဖက်ကညီမလေး..အဲ့.......ညီလေး.....အဲ့ဟုတ်ပါဘူး...ညီညီမလေး ကားခပေးဦးလေ”တဲ့

ရုပ်ကိုကစပ်ဖျဲဖျဲ နဲ့ ကိုဘေလုဝ ရေခဲရေသောက်ပီးသွားကျင်သလိုရုပ်မျိုးနဲ့....ကိုယ်လည်းပြသနာမဖြစ်ချင်တာနဲ့ အေးဆေး ကာခပေး

လိုက်ပါတယ် အဲ့လိုနဲ့..ဖုံးဒိုင်း...ယိမ်းသမကာ.ထဲ ကျနော်လည်းယိမ်းကပီးစီလာရင်း မှတ်တိုင်ရောက်လို့ဆင်းတော့...”ညီညီမလေး

ဖြေးဖြေးဆင်း”တဲ့ ဒိတခါတော့ဘယ်ရမလည်း ကိုယ့်ရပ်ကွက်ထဲမှာဆိုတော့ ကိုယ့်သွေးဘယ်လောက်ရှိတယ်ဆိုတာပြလိုက်တာပေါ့

ကားပေါ်ကဆင်းလည်းပီးရော...ခပ်လှမ်းလှမ်းရောက်တော့ စပယာဖက်လှည့်ပီး ”ဟိတ်ကောင်.....မင်းကိုဒါပဲ”

လို့အသံမာမာနဲ့လက်သီးထောင်ပြလိုက်တာပေါ့...တေနာကဘာပြန်ပြောတယ်မှတ်လည်း..”ညီညီမလေးကလည်း

လက်သီးလည်းထိုးတတ်ပဲနဲ့”ဆိုပီးကားလည်းမောင်းထွက်သွားပါလေရော...........”ဟူး.”............”.တနေကုန်ဘာတခုမှကိုအဆင်မပြေ

ပါလား ပြသဒါးနေ့၇ယ်” အဲ့လိုနဲ့ အိမ်အပြန် ကိုယ့်လမ်းထဲမရောက်ခင် ခွေးဆိုးတွေနဲ့တွေ့ပြန်ရော...နေ့တိုင်းပြန်နေကျ ဒီလမ်း...

နေ့တိုင်းတွေ့နေကျ သည်ခွေးတွေ....အရင်ရက်တွေကဘာမှမဖြစ်ဘူး ဒိနေ့ကျမှ ရှမ်းဘောင်းဘီမကျ၊ ဘောင်းဘီစကပ်မကျ ဘောင်းဘီ

ဝတ်လာမှဝိုင်းဟောင်ပါလေရော...မဟောင်ဘဲလည်းရှိမလား...ခြေတလှမ်းလှမ်းလိုက်ရင် အောက်ကဘောင်းဘီစက ”ကားခနဲ.. ကားခနဲ”..

ကိုရီးယားတို့တရုပ်တို့ရှေးဟောင်းသိုင်းကားတွေထဲကလို...ကိုတော်ချောတွေဟောင်တာပဲကျေးဇူးတင်ရမယ်...ကိုသာခွေးဆိုရင် တခါ

တည်းပြတ်ထွက်သွားအောင် ကိုက်ပလိုက်တယ်......ခြေသလုံးပြောတာ....ခွေးပြသနာရှင်းပီး ကိုယ့်လမ်းထဲရောက်မှပဲ

စိတ်အေးရတော့တယ်.....အိမ်ခြံစည်းတခါးရောက်တော့ ခြံတံခါးဖွင့်နေတုန်း ကျနော့်ဘောင်ဘီစကိုဆွဲပီးတအီအီအော်နေတဲ့

အမွှေးပွ ခွေးပုလေးတကောင်တွေ့ပါလေရော..တန်ဖိုးကြီးခွေးလေး..ဘယ်အိမ်ကများလွတ်လာလည်းမသိဘူးဆိုပီးခွေးလေချီပီး

ပတ်ဝန်းကျင်အနားကအိမ်တွေကိုလိုက်မေးတော့တယောက်မှပိုင်ရှင်မတွေ့ဘူး ဒါနဲ့ ငါနဲ့ထိုက်လို့ငါ့ဆီရောက်တာပဲဆိုပီးခွေးလေးကို

ခွေးလေးကိုအိမ်ပေးခေါ်လာလိုက်တယ်.... ကိုတော်ချောလေးကရောက်စမို့လားမသိဘူး တော်တော်လိမ္မာတယ် ကျနော့်သွားလေရာ

နောက်ပဲလိုက်နေတယ်...ဗိုက်ဆာနေမှာပဲဆိုပိးကျနော့်အတွက်ဟင်းလေးသူတဝက်ကိုယ်တဝက်ဆိုပီး ထမင်းနဲ့ရောကျွေးလိုက်တယ်..

ချစ်ဖို့ကောင်းတယ်အသားဖက်တွေပဲရွေးစားသွားတယ်... ဒါနဲ့ကျနော်လည်း ကိုယ်စားမဲ့ကိုယ်တာကိုပါသူ့အကုန်ချကျွေးပီး

မော်တော်ပီကယ် ရွှေဂေါင်းပြောင်နဲ့ ညစာကို၂ပါးသွားလိုက်ရတယ်...ညဖက် အိပ်ကာနီး စာအုပ်လေးဘာလေးဖက်တော့ကိုယ်တော်

ချောကကျနော့်ကုတင်ပေါ်မှာ ခွေးပါးဝပီးခေါင်းအုံးပေါ်တတ်အိပ်နေလေရဲ့ဗျာ.....ကျနော်လည်းတရိစ္ဆာန်ချစ်တတ်တော့(ကြွက်)ကလွဲရင်

မနှိုးတော့ပဲ စာဖက်ပီးတော့မှ အိပ်ချင်လာတာနဲ့...ကိုတော်ချောကိုခေါင်းအုံးပေါ်ကအသာလေးမပီးကုတင်ခြေရင်းဘက်ကိုချ ဘုရားရှစ်ခိုး

ပီးတကျိုးတည်းအိပ်လိုက်ရော........မနက်အလုပ်ပိတ်တဲ့ရက်ဆိုတော့ပြသနာရှာတဲ့နှိုးစက်ကိုလည်းပိတ်လိုက်တာပေါ့ ဟဲဟဲ တခါသေဖူး

ပျဉ်ဖိုးနားလည်သွားတာ ကြွက်ထောင်ခြောက်လည်း မိးဖိုခန်းထဲရွှေထားလိုက်တယ် အဲ့လိုနဲ့ဘာမှမစဉ်းစာပဲ နှစ်နှစ်ချိုက်ချိုက်

အိပ်ပလိုက်တာ မနက်၁၀လောက်မှနိုးရော.....နိုးနိုးချင်း ကုတင်ပေါ်ကနေကြမ်းပြင်ပေါ် ခြေထောက်လေးအချ ”အန်...ဘာကြီးလည်းဟ”

ခြေထောက်အောက်မှာပူနွေးသော....ပြော့အိသော.... စေကပ်သော... အထိတွေ့ကြောင့် ချက်ချင်းအောက်ငုံ့ ကြည့်လိုက်တယ်........

” ဂန်း.....မသား............တေနာ.......ကလေကချေ....အုပ်ကြားမြက်ပေါက်.......ဓါတ်တိုင်သေးပန်း” အီးပုံကြီးမှအကြီးကြီး ခွေးနဲ့

အီးနဲ့မလိုက်ဘူးအကောင်ကသေးသေး ပါထားတဲ့အပုံကနဲတာကြီးမဟုတ်ဘူး......ချက်ချင်း ရေချိုးခန်းတန်းပြေးရတော့တာပဲ

ဒီတခါတော့ချောမလဲတော့ဘူး.နော်......ခြေထောက်ဆေး၊မျက်နှာသစ်ပီး အခန်းထဲအီးပုံကိုလည်း သွားရှင်း၇နဲ့...တော်တော်

အလုပ်ရှုပ်သွားတယ်...ကိုတော်ကိုတော့အ၇ိပ်အယောင်တောင်မမြင်ရဘူး အားလုံးပီးတော့မှ အိပ်ယာသိမ်းဖို့စောင်ခေါက်နေတုံး

ကျမှ ကိုတော်လေးကေ၇ာက်လာတယ် လျှာလေးတန်းလန်းတန်းလန်းနဲ့ လူကိုပြောင်ပြနေသလိုပဲ.....ကိုလည်းအိပ်ယာသိမ်းနေတာဆို

တော့သူ့ကို၇န်မတွေ့နိုင်သေးဘူး....လျှာလေးတန်းလန်းထုတ်ပီးနဲ့အနားလာ.... ပီးတော့ဝတ်ထားတဲ့ပုဆိုးကိုနမ်း......လူကိုတပတ်ပတ်

ပီးကျနော့်ရပ်နေတဲ့အနောက်ဖက်လည်းရောက်ရော ကျနော့်ခြေသလုံးကိုခွပီးသေးနဲ့ပန်းပါလေရော.......အီးပုံရှင်းပီးလို့တောင်

အမောမပြေသေးဘူး သေးနဲ့ထက်ပန်းတာခံ၇ပြန်ရော...တော်တော်လေးကိုစိတ်ဆိုးသွားပီ...ဒီတေနာလေးကို......သူတေးပန်းပီးအောင်အထိစောင့်လိုက်တယ်

မစောင့်ပဲကန်လိုက်ပြန်ရင်လည်း ဝဠ်လည်မှာဆိုးလို့ စဉ်းစားကြည့် အများသုံး အိမ်သာထဲကိုက ပန်းလို့ကောင်းနေတုံး တဒုန်းဒုန်း

နဲ့နောက်ကနေတံခါး ခေါက်ရင်ဘယ်လောက် ဖီး(လ်) ငုတ်လည်းဆိုတာ....ခိခိခိခိ.အဲ့ဒါကြောင့်ကိုလည်း ဝဠ် မလိုက်အောင်

သူပန်းပီးတဲ့အထိစောင့်လိုက်တယ် ကိုတော်လေးပီးတော့မှ ခေါင်းကိုဖနှောင့်နဲ့ပေါက်လိုက်တယ် ကိန်ကိန်အော်ပီး ပြေးပါလေရော...

နောက်တခါ ရေချိုးခန်းပြန်သွားခြေထောက်ဆေး...ဒင်း ပန်းခဲ့တဲ့နေရာကိုရေဖက်ဝတ်တိုက်နေတုံး ”ကိုမျိုးရေ.......ကိုမျိုး”......

အိမ်ရှေ့ကခေါ်သံကြားတော့ ချက်ချင်းထွက်သွားကြည့်တော့မှ အဒေါ်ကြီးတယောက်ရယ် ကောင်မလေးတယောက်ရယ်...

ကျနော်နဲ့သိတဲ့ညီတယောက်ရယ်....ခြံရှေ့ကလှမ်းခေါ်နေတာနဲ့တံခါးဖွင့်ပီးထွက်မေးတာပေါ့” ညီဘာလို့လည်းဟ” ”ကိုမျိုး

အိမ်မှာညက ခွေးလေးတကောင် ရောက်နေတယ်ဆိုလို့”.......” အေးဟုတ်တယ်ဟ ဒီအန်တီကခွေးပိုင်ရှင်လား”လို့မေးတော့

”ဟုတ်တယ်ငါ့တူ....စိန်တုံးမနေ့ညနေက အိမ်ကပျောက်သွားလို့ သမီးလေးကစိတ်ပူနေတာ.... ဒီမနက်ငါ့တူဆီမှာရှိနေတယ်

ကြားလို့အန်တီတို့လိုက်လာတာ”...”ဗျာ..”...............”.ဒီကောင့်နံမည်စိန်တုံးတဲ့လား”ကျနော့်ဗျာဆိုတဲ့အသံဘယ်လောက်ကျယ်

ကျယ်သွားတယ်မသိဘူး ကောင်မလေးရော အဒေါ်ကြီးပါလန့်သွားတယ်.....ကောင်မလေးလည်းခက်လန့်လန့်လေသံနဲ့”ဟုတ်တယ်

အကိုသားလေးနံမည်စိန်တုံးပါ ” .....”သေပီဆရာ”........”ရှင်”......”သားလေးသေသွားပီ ဟုတ်လား.....ရှင်သားလေးကိုသတ်စားလိုက်

တာလား” ”ဂိန်....ညစာဟင်းစားမရှိလို့ပါဗျာ”........”အာ....မဟုတ်ပါဘူး.....မင်းပြောတာနဲ့ငါတောင်ပေါက်ကရတွေ ဖြစ်ကုန်ပီ

မင်းသားလေးရှိပါ့ဗျာ.........ကဲတခါတည်းခေါ်သွား....” ဆိုပီးငနဲလေးကိုအိမ်ထဲဝင်ရှာမလို့လှည့်တုံးပဲရှိသေးတယ် ကိုတော်လေးက

အိမ်အဝမှာ လျှာထုပ်ပီးကျနော့်ကိုပြောင်ပြနေတယ်..ပိုင်ရှင်ရှေ့မို့ဒီကောင်တော်တော်ကံကောင်းတယ် နို့မို့လို့ကတော့.....ဟင်း..ဟင်း..

တခါတည်းချီပီးကောင်မလေးလက်ထဲအပ်လိုက်တယ်......”နောက်တခါ.....အိမ်ရိပ်တောင်မနင်းပါစေနဲ့နော်.....ကျေးဇူးရှင်လေးတာ့တာပါ

...အဲ့ဒီတော့မှ ကောင်မလေးရော အဒေါ်ကြီးရော ကျနော့်ညီလိုခင်တဲ့ကောင်လေးရော ပြန်သွားပါလေရော...ကျနော်လည်း ခေါင်း

ထဲတော်တော်ပေါ့သွားတယ်...အခုမှပဲသေခြာသိလိုက်ရတော့တယ်..မှော်ဆရာမစတာ..အီးပုံကြီးကြီးပါတဲ့ စိန်တုံးဆိုတဲ့ခွေးကို

သူကအတိုကောက်..စိန်တုံးကြီးကြီးမစမယ်လို့ပြောလိုက်တာ.......ရက်စက်ပါပေ့ မိုးနက်မင်းရယ်..........” ဂလုံ.......”.”အီ.....ဘာလည်းဟ

.....မနောက်နဲ့နော်”......ဘယ်တေနာလေးတွေလက်ကမြင်းပီးပစ်လိုက်တယ်မသိဘူး နောက်ဖေးကေ၇တိုင်ကီကဂလုံကနဲထမြည်သွားတယ်..........

ဟာသလေးများဖတ်ပြီး

ဘ၀အမောပြေနိုင်ကြပါစေ


No comments:

Post a Comment

သင့်ရဲ့အားပေးစကားတခွန်းကစာရေးရသူအတွက်အားဆေးတခွက်ပါ