29 July 2012

*မိခင်တစ်ယောက်၏တိတ်တခိုးမျှော်လင့်ချက်*

*ကလင် ကလင် .... ကလင် ကလင် *

ဒိတ်အောက်နေတဲ့ ဖုန်းသံက ကိုင်သူမဲ့စွာ အော်မြည်နေသည်။ ကိုင်မယ့်သူက တော်တော် နဲ့ ပေါ်မလာပေမယ့်

ဖုန်းသံကတော့ ဆက်လက်မြည်နေဆဲပါ ။ နှေးတုံ့လှတဲ့ ခြလှမ်းတွေနဲ့ လျှောက်လှမ်းလာတဲ့ အဘွားအို တစ်ဦး ။

ဆက်တိုက်မြည်နေတဲ့ ဖုန်းနားကို ရောက်လာပေမယ့် ချက်ချင်းမကိုင်သေးပဲ အဓိပ္ပာယ်မဲ့ စွာ စိုက်ကြည့်နေဧ။် ။

ခဏနေမှ ဖုန်းကို မကိုင်ချင်စွာနဲ့ ကိုင်လိုက်ပါသည်။

*ဟဲလို*

*ခေါ်နေတာ ကြာနေပြီ မေမေ ... မကိုင်တော့ စိတ်ပူလို့ ဆက်တိုက်ခေါ်နေတာ *

သြော် ! စိတ်ပူတယ်တဲ့လား ။ စိတ်ပူလို့ ဆက်တိုက်ခေါ်နေမယ့် အစား ကားလေးထုတ်ပြီး ပြေးလာလိုက်ပါလားကွယ်။

အပြင်သို့ ထွက်ကြလာသော စကားသံမဟုတ်ပါ ။ ရင်တွင်း တီးတိုးရေရွတ်လိုက်မိခြင်းသာဖြစ်သည်။

* မေမေ နေမကောင်းဘူးလား ... သမီး ငွေလာပို့မလို့ မေမေ ......သမီးတော့ မအားဘူးမေမေရေ ...သားငယ် စာမေးပွဲ ကလည်းတော်တော် နီးနေပြီလေ ။ သမီး အိမ်က ဒရိုင်ဘာ မောင်မြင့်ကိုဘဲ လွတ်လိုက်မယ်နော် ... မေမေ ဘာမှာ အုံမလဲ မေမေ*

* မမှာတော့ပါဘူး ........ သမီးကော နေကောင်းတယ်နော် *

*ဟုတ်ကဲ့ ......... ကောင်းပါတယ်မေမေ *

ဒီနေရာမှာတင် ဆက်သွယ်မှုက ပြတ်တောက်သွားပါတော့ဧ။် ။ ဖုန်းလေးကို ညင်သာစွာ ပြန်ချပြီး အနီးရှိ

ပက်လက် ကုလားထိုင်ပေါ် ဖြေးညင်းစွာ ထိုင်ချလိုက်သည် ။ လွန်လေခဲ့သော နှစ် 30က ပုံရိပ်တွေက ဓာတ်ပုံ

ရိုက်သလို ပြန်လည်မြင်ယောင်လာခဲ့သည်။ မိုးတွေ ရွာနေတဲ့ နေ့လေးတစ်နေ့ ကျွန်မတို့ လင်မယားအလုပ်ကိစ္စ

္စတစ်ခုနဲ့ ပဲခူးဘက်ကို ရောက်နေခဲ့သည်။ ချစ်လှစွာသော 10နှစ် သမီးလေးကို ကလေးထိန်းမိန်းကလေးနဲ့အိမ်မှာ

ထားခဲ့ရပါသည်။ ပဲခူးရောက်တော့ အိမ်ကို ဖုန်းဆက်ကြည့်တော့ ဖုန်းကိုင်မယ့်သူမရှိ။ နောက်အကြိမ်ကြိမ်ထပ်

ခေါ်ကြည့်သည် ။ မကိုင်တဲ့ ဖုန်းကို ဆက်ခေါ်ဖို့ဆိုတဲ့ အတွေးမရှိ ။ လင်မယားနှစ်ယောက်လုံး ကားပေါ်ချက်ခြင်း

တက်ကာ ရန်ကုန်သို့ တန်းပြန်ခဲ့ကြသည်။ အလုပ်မပြီးဘဲ သမီးဇောနဲ့ ပြန်လာခဲ့တဲ့အတွက် သိန်းပေါင်းများစွာ

မြတ်မယ့်အလုပ် ဆုံးရှုံးမယ်ဆိုတာသိပေမယ့် ငါ့သမီးလေးတစ်ခုခုဖြစ်နေလို့ ဖုန်းမကိုင်တာဘဲဆိုတဲ့အသိက

တစ်ကိုယ်လုံးကိုပူလောင်နေလိုက်တာဆိုတာ ပြောမနေပါနဲ့။ အိမ်ပြန်ရောက်တော့သမီးလေးနဲ့ကလေးထိန်းက

အိပ်ပျော်နေကြခြင်းဖြစ်၏။ ဒါပေမယ့်ဆုံးရှုံးလိုက်ရတဲ့ငွေကြေးတွေကို နှမြောတဲ့စိတ်ထက် သမီးလေးကိုကောင်း

ကောင်းမွန်မွန်တွေ့လိုက်ရတဲ့ပီတိ အပျော်လေးက အရာရာကိုအနှမြောမရှိခဲ့ဘူး။သမီးလေး ဒုတိယနှစ်တက်နေ

ချိန်မှာ အမျိုးသားက ပျော်ရွင်စွာ မိသားစုဘ၀လေးထဲကလေ မထင်မှတ်ဘဲ ထွက်ခွာသွားခဲ့ပါသည်။ အမျိုးသား

ဆုံးသွားပေမယ့် သမီးဆိုတဲ့ အားတွေကို ထည့်ကာ ကြိုးစားရပ်တည်ခဲ့ပါဧ။်။ ဘ၀ရဲ့ အမောတွေကို သမီးလေး

အပြုံးတစ်ချက်နဲ့ အပမ်းပြေစေခဲ့သည်။ ဘွဲ့ရတော့ သင်တန်းတွေ စုံအောင် ဆက်တက်စေခဲ့သည်။

စင်ကာပူမှာ ကျောင်းနေချင်သည်လို့ ပူဆာလာတော့လည်း တစ်ချက်မညဉ်းသမီးလေး

ဆန္ဒကို ဖြည့်စီးပေးခဲ့ပါဧ။်။ စာတော်သော သမီးအတွက် ဂုဏ်ယူမဆုံး တပြုံးပြုံးပေါ့ရှင်။ အမျိုးသား

ဆုံးပြီးကတည်းက အခြေမပျက်အောင်ရပ်တည်ဖို့ ကြိုးစားလာခဲ့တဲ့ ပွဲရုံလုပ်ငန်းက ခုနှစ်ထဲမှာ ယိုင်နဲ့

လာခဲ့တာကိုတော့ သမီးလေးကိုမသိစေခဲ့ပါ။ ပွဲရုံပိုင်ရှင်ဆိုတဲ့နာမည်ပဲ ကျန်တော့သည်။ ဆက်လက်လည်ပတ်

နိုင်အောင် ကြိုးစားနေရသည်။ စင်ကာပူမှာ သမီးလေး ကျောင်းပြီးရင်တော့အသက်ရှူချောင်မှာဆိုတဲ့အတွေး

တွေကသမီးဆီဖုန်းတစ်ချက်နဲ့တင် ပျက်စီးသွားစေခဲ့သည်။ အိမ်ထောင်ပြုတော့မယ် တဲ့လေ။ မေမေက

ဘာလက်ဖွဲ့မှာလဲဆိုတဲ့ မေးသံလေးက ချိုမြနေပေမယ့် ကျွန်မ အာဆေးမိနေခဲ့ပါဧ။် ။ နောက်ဆုံးမှာတော့ သမီး

မင်္ဂလာဆောင်မှာ မျက်နှာ မငယ်ရလေအောင် ကားတစ်စီး ဖြစ်အောင် လက်ဖွဲ့လိုက်ရချိန်မှာတော့ ကျွန်မ

ဘ၀ကတော့ တိုက်ခန်းကျဉ်းကျဉ်းလေးတစ်ခုသာကျန်ရစ်နေခဲ့ပါတော့သည်။

တစ်ခုသကျန်ရစ်နေခဲ့ပါတော့သည်။သမီးမင်္ဂလာဧည့်ခံပွဲပြီးချိန်မှာတော့သိစေခဲ့ပါတော့သည်။သမီးမင်္ဂလာဧည့်ခံပွဲပြီးချိန်မှာတော့

အခြေနေ အမှန်ကို သိစေခဲ့ပါသည် ။ သမီး ဘ၀လေး သာယာလှပနေတာကို အထူးကျေနပ် ပီတိဖြစ်မိပါဧ။် ။

လစဉ် ကျွန်မ စာဖို့ အသုံးစရိတ်ကို ထောက်ပံ့ပေးတတ်ပေမယ့် လူကတော့ တမြို့ထဲနေနေပေမယ့် 2

လတစ်ခါလောက်သာ ရောက်လာတတ်ပါတယ်။ ဖင်ပူအောင်ပင်မထိုင်။ မေမေနေကောင်းတယ်နော်...ဘာလို

သေးလဲ ဆိုတာနဲ့ ပြောပြေး ပြေားတာက ပိုများဧ။်။ ဖြစ်နိုင်မယ်ဆို ကျွန်မသေချင်ပါသည်။ သားသမီး ဆိုတာကို

အပေးပဲ ရှိချင်သည် ။ သားသမီးဆီကနေ ပြန်ယူနေရတဲ့ ဘ၀ကို ကျွန်မ မနေချင်ပါ ။ သမီးလေး ငယ်စဉ်က

ယုယထွေးပွေ့ခဲ့တဲ့ ကြင်နာမှုမျိုးကို ကျွန်မ ခုချိန်မှာ သမီးဆီက မျှော်လင့်နေမိပါဧ။်။ သူငယ်ပြန်နေသလားလို့

ကျွန်မကိုယ် ကျွန်မ အကြိမ်ကြိမ် တွေးတော ဆင်ခြင်မိသည်။

ဟင်အင် .... မဟုတ်ပါဘူး ။ ကျွန်မရင်ထဲက ပြင်းပြင်းပြပြ မျှော်လင့်နေမိခြင်းမျိုးပါ ။ ခုဆို သမီး

ကမွေးတဲ့ မြေးမတောင် ပထမနှစ်တက်နေပါပြီ။ သမီးက ယောက္ခမတွေနဲ့

တူတူနေတာမို့ ယောက္ခမတာဝန်တွေလည်း ရှိရှာလို့နေမှာပါလေ

လို့ဖြေတွေးရင်း နှစ်တော်တော်များများကို ကျော်ဖြတ်လာခဲ့တာ ခုဆို အဘွားအို

တစ်ယောက်အရွယ်သို့ကူးပြောင်းလို့ လာနေပါပြီ ။ သမီး ပြုစုမှုတွေကို ခံယူနေရတဲ့ ခမည်းခမက်တွေလည်း

အားကျမိပါသည်။ ခုရက်တွေ ကျွန်မ ရှိတဲ့ အသက်ရွယ်ထက် ပိုလို့အိုစာလာသည်လို့ မှတ်ယူမိသည်

။ နေရင်းထိုင်ရင်းနဲ့ကို မောမောနေတတ်ဧ။်။ သမီးကိုတော့ အသိမပေးလိုတော့ပါ ။

သူအလိုလို ရောက်လာမယ့်အချိန်လေးကိုတော့ တိတ်တခိုးလေး မျှော်လင့်နေမိပါသည် ။ ငယ်စဉ်က

ကျွန်မရင်ခွင်ထဲမှာ သမီးလေးကို ထွေးပိုက်ထားသလိုလေး ခုချိန်မှာ သမီးက

ကျွန်မကို ထွေးပွေ့လာမယ့် နေ့လေးကို တိတ်တခိုးမျှော်လင့်ရင်း လောကကြီးထဲကနေ ညင်သာစွာ

ထွက်ခွာသွားသူ အဘွားအိုတစ်ယောက် မျှော်လင့်ချက်အတွေးတွေ နဲ့ ပြုံးပြုံးလေ သေဆုံးသွားခဲ့ပါပြီ။

မိခင်တစ်ယောက်ရဲ့မေတ္တာကို........

သားသမီးများနားလည်နိုင်ကြပါစေ

မျှဝေထားတဲ့ပို့စ်လေးပါ

No comments:

Post a Comment

သင့်ရဲ့အားပေးစကားတခွန်းကစာရေးရသူအတွက်အားဆေးတခွက်ပါ