တည်ငြိမ်တဲ့အသံ
ရင့်ကျက်တဲ့အပြော...
သူ့စကားလုံးတိုင်းဟာ
ငါ့အတွက်နာခံဖို့အသင့်ဖြစ်နေခဲ့တယ်.......
သူ့မွေးနေ့လေးမှာ........
တန်ဖိုးမကြီးပေမယ့်......
စေတနာတွေနဲ့ဖွဲ့တည်ထားတဲ့
ငါ့ရဲ့သီချင်းလေးကိုသူ
နားဆင်နိုင်ဖို့လေလှိုင်းကနေတစ်ဆင့်
လက်ဆောင်လေးပေးခဲ့တယ်
ဒါပေမယ့်
မမြင်တာမဆုံတာကြာလို့
သူ့အသံလေးကိုတမ်းတမိသလို
သူ့အနမ်းလေးကိုလဲသတိရနေဆဲ....
ဒါကြောင့်နင်ဘာတွေဖြစ်နေပြီလဲ?
ချန်ထားခဲ့ချင်နေပြီလား??
နင့်မှတစ်ခြားငါ့နှလုံးသားကို
တစ်ပါးသူပိုင်ဆိုင်ခွင့်မရှိစေရဘူး
ငါ့တစ်သက်တာ........ငါ့နှလုံးသားရဲ့သစ္စာပါ.......
ဒါကြောင့်နင်လာမယ့်အချိန်ကိုသာ......
ငါယုံကြည်စွာနဲ့စောင့်မျှော်နေတယ်ချစ်သူ
အမြဲတမ်း
ထာဝရချစ်နေမယ့်
No comments:
Post a Comment
သင့်ရဲ့အားပေးစကားတခွန်းကစာရေးရသူအတွက်အားဆေးတခွက်ပါ