19 September 2012

ပိုးရှိသူ၏အပေါ်ယံထွက်သည့်သွေးမှHIVရောဂါကူးစက်ခံရမှုမရှိနိုင်

HIV ပိုးရှိသောအပေါ်ယံထွက်သောသွေးမှ အခြားသူများထံသို့ ရောဂါကူးစက်ခံရမှုမရှိနိုင်ကြောင်း လူမှုရေးအဖွဲ့အစည်းများမှ ပညာရှင်တို့က ဆိုသည်။

HIV ပိုးမှာပိုးရှိသူနှင့်အတူနေထိုင်လျှင်လည်း ကူးစက်မခံရနိုင်သလိုART ဆေးဝါးသောက်သုံးနေရသူ၏ပိုးမှာ
လည်းအခြားသူများသို့ မကူးစက်နိုင်ကြောင်းကိုလည်းသိရသည်။

"ရုပ်ရှင်တွေထဲမှာပါတဲ့ ပိုးရှိတဲ့သူကအကျင့်ယုတ်ပြီး အသားတွေအပေါ်ကို သူ့ရဲ့သွေးတွေလောင်းပြီးလုပ် လိုက်တယ်ဆိုတာတွေကအလကားပါ။   အပေါ်ယံထွက်တဲ့သွေးနဲ့လည်းပိုးကူးစက်ခံရမှု မရှိနိုင်ပါဘူး။ကူး
စက်ခံရနိုင်တဲ့နည်းလမ်းတွေနဲ့ပဲပိုးကူးနိုင်တာပါ။" ဟု Burnet Institute မှဒေါက်တာဒေါ်နန်းပန်းအိခမ်းက
ပြောကြားခဲ့သည်။

HIVပိုးကူးစက်ခံရနိုင်သည့်နည်းလမ်းများမှာ အမျိုးသမီးလိင်လုပ်သားများနှင့်ဆက်ဆံခြင်း၊ ယောင်္ကျားခြင်း
လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အပ်တစ်ချောင်းထဲဖြင့်မျှဝေသုံးစွဲခြင်း၊ အခြားအန္တာရယ်ရှိ
သောအမူအကျင့်များကြောင့်သာ ကူးစက်ပျံ့ပွားမှုဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ထို့ကြောင့်ပိုးကူးစက်ခံရမှုမရှိအောင် စည်းကမ်းတကျနေထိုင်သွားသင့်ကြောင်းနှင့် မိမိကိုယ်ကိုကာကွယ်မှ
သာ ရောဂါပိုးကူးစက်ခံရမှုနှုန်း လျော့ကျနိုင်မည်ဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့များက ထောက်ပြပြော
ဆိုကြသည်။

ART ဆေးဝါးသည်လည်း HIV ပိုးအားအရှင်းမပျောက်ကင်းနိုင်ခြင်းမှာ ဆေးအာနိသင်သည် ခန္ဓာကိုယ်အ
တွင်းထဲထိလိုက်လံချေဖျက်နိုင်ခြင်းမရှိသောကြောင့် ပိုးပွားမလာအောင် ထိန်းထားရုံသာတတ်နိုင်ကြောင်း၊ 
ဝေဒနာရှင်များအနေဖြင့် ဆေးကိုဆွဲသောက်ရမည်ဖြစ်ပြီး ဆေးပြတ်သွားလျှင်လည်း HIV ပိုးပြန်တက်လာ
နိုင်သည့်အတွက် စိုးရိမ်ရကြောင်းကိုလည်း ပညာရှင်တို့က ဆိုသည်။

မြန်မာနိုင်ငံတွင် ပိုးကူးစက်နှုန်းကျဆင်းလာရခြင်းအကြောင်းရင်းများမှာ ကူညီပေးရေးအဖွဲ့အစည်းများပေါ်
ပေါက်လာခြင်း၊ ပိုးကူးစက်ခံရပြီး သေနှုန်းမြင့်တက်ခြင်း၊ ဆေးကုသနိုင်ရန်နည်းပညာကောင်းများ၊ ပေါ်ပေါက် လာခြင်းတို့ကြောင့် HIVကူးစက်ခံရနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

ဒီထက်ပိုပြီးကူးစက်နှုန်းတွေ ကျဆင်းဖို့လိုအပ်တယ်။ ပိုးကူးစက်ခံရတာအများဆုံးဆိုတဲ့ နိုင်ငံတွေဟာကျွန်
တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကူးစက်တာများပါတယ်။ ဆေးသောက်ဖို့နဲ့ ကာကွယ်နိုင်ဖို့အတွက်ကို ပြည်သူ
တွေဆီကိုသတင်းအချက်အလက်တွေ များများရောက်အောင်လုပ်ပေးဖို့လိုတယ်။ အစိုးရပိုင်းက ဆေးရဖို့ ကူ
ညီပေးတာလည်း အရမ်းနည်းနေသေးတယ်" ဟုBurnet Institute မှဒေါက်တာလှဌေးက သုံးသပ်ပြောကြား
သည်။

HIVပိုးကူးစက်ခံရသူများသည် အချိန်မှီဆေးကုသမှုခံယူသင့်ကြောင့်းနှင့် ကြောက်စရာ/ရှက်စရာမလိုပဲဆေး
သောက်သုံးလျှင် လူ့သက်တမ်းစေ့နေနိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများလုပ်ကိုင်နေ
သူများထံက သိရှိရသည်။

ပိုးကူးစက်ခံရသူများသည် ARTဆေးဝါးများကိုအမြန်ဆုံးသောက်သုံးရန် လိုအပ်ကြောင်းနှင့် အဆိုပါART  
ဆေးဝါးရရှိရန်အတွက်လည်း ဆေးပေးနိုင်သည့် အဖွဲ့အစည်းများနှင့်ဆက်သွယ်ပြီး နည်းလမ်းတကျ
 သောက်သုံးနိုင်မှသာ ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။

အဆိုပါ ART ဆေးဝါးသောက်သုံးရာတွင်လည်း အမျိုးအစားပေါင်းစုံရှိသည့်အတွက် ဆေးဝါးတိုင်းမှာ ပိုးရှိသူ
တိုင်းနှင့်မတည့်သဖြင့် မိမိနှင့် သင့်တော်သောဆေးဝါးများကိုသာ ပညာရှင်တို့၏လမ်းညွှန်မှုဖြင့် စမ်းသပ်
သောက်သုံးသင့်ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတွင်ပိုးကူးစက်ခံရမှုနှုန်းကျဆင်းနေသည်ဟု ဆိုနိုင်သော်လည်း အမျိုးသမီးလိင်လုပ်သားများ ၊ 
ယောင်္ကျားခြင်းလိင်ဆက်ဆံသည့်သူများ၊ မူးယစ်ဆေးထိုးသွင်းသုံးစွဲသူများအကြားတွင် ယနေ့ထိတိုင် ကူး
စက်နှုန်းမြင့်မားလျှက်ရှိနေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။


                                သစ်ထူးလွင်ဆိုဒ်မှကူးယူဖော်ပြသည်။
                                  
                                        သူငယ်ချင်းများအားလုံး ကျန်းမာရေးဗဟုသုတရရှိနိုင်ကြပါစေရှင်

No comments:

Post a Comment

သင့်ရဲ့အားပေးစကားတခွန်းကစာရေးရသူအတွက်အားဆေးတခွက်ပါ