13 November 2012

**ရင်မှမျက်ရည်**

လွမ်းမိတယ်.........မျက်တောင်တစ်ချက်ခပ်လိုက်တိုင်း.

သတိရမိတယ်.........၀င်သက်ထွက်သက်တိုင်း

မျှော်လင့်မိတယ်နေ့ရက်တိုင်း........
 
ချစ်ခဲ့မိတယ်...........စက္ကန့်တိုင်း

သတိရတိုင်းလွမ်းမိတဲ့ငါ့ရင်မှနှလုံးသား

လွမ်းတိုင်းလွမ်းတိုင်း.......ကျခဲ့တဲ့မျက်ရည်စက်တွေ

ကြားချင်ခဲ့မိတယ်အချိန်တိုင်းပဲ

နင့်ဆီက "အရမ်းချစ်တယ်" ဆိုတဲ့စကားလေးတစ်ခွန်း

အချိန်တိုင်းလွမ်းနေမယ်ဆိုတဲ့စကားလေးတစ်ခွန်း

နားလည်မှုတွေလိုနေသေးပါတယ်ဆိုတဲ့သူ......

နင့်အပေါ်နားလည်ပေးနိုင်ဆုံးသူဖြစ်အောင်

ကြိုးစားနေပါတယ်..........

နောက်ဆုံး.......နောက်ဆုံး

နင်ထားသွားခဲ့မယ်ဆိုရင်တောင်...........

နားလည်ပေးတတ်အောင်

ရင်တနင့်နင့်နဲ့ကြိုးစားနေပါတယ်............ချစ်သူရယ်










No comments:

Post a Comment

သင့်ရဲ့အားပေးစကားတခွန်းကစာရေးရသူအတွက်အားဆေးတခွက်ပါ